Thursday, June 13, 2013
Wednesday, June 12, 2013
Saturday, June 8, 2013
Thitsarparami Blood Donation
၁) အသက်အရွယ်အား ဖြင့် ၁၆ နှစ် မှ ၆၀ ကြားဖြစ်ရမည်။
၂) Body weight 45 Kg အနည်းဆုံး ရှိရမည်။
၃) Hemoglobin level အနည်းဆုံး 12.5 g/dl ရှိရမည်။
၎) ယေဘူယျအားဖြင့် ကျန်းမာနေသူ ဖြစ်ရမည်။
၅) သွေးမလှူခင် တပတ်အလို ကူးစက်ဖျားနာ ရောဂါ (ဥပမာ - နှာစီး ၊ ချောင်ဆိုး ၊ လည်ချောင်းနာ ၊ ၀မ်းလျှော) မရှိရ။
၆) သွေးမလှူခင် ၃ ပတ်အတွင်း fever မရှိရ။
အထက်ပါ (၆) ချက်သည် သွေးလှူ ရန်အတွက် Main requirement များဖြစ်ပါသည်။
***အောက်ပါ အချက်အလက်များသည် သွေးလှူဒါန်းရာတွင် သတိပြုရမည့်အချက်များ နှင့် သွေးလှူဒါန်း ရန်မသင့်တော်သောသူများ ဖြစ်ပါသည်။
၁။ AIDS, HIV Positive ရှိသူများ
၂။ AIDS ရောဂါလက္ခဏာရှိသူများ (အလေးချိန်လျော့ခြင်း၊ လည်ပင်းနှင့်ပေါင်ခြံတွင် အကြိတ်များ
ရောင်ရမ်းနေသူများ၊ ၀မ်းလျော၊ ကင်ဆာရောဂါဖြစ်နေသူများ)
၃။ မူးယစ်ဆေးဝါးသုံးစွဲနေသူများ
၎။ အသည်းရောင် B, C ပိုး (Hepatitis) ရှိသူများ
၅။ ကာလသားရောဂါရှိသူများ
၆။ အသည်းရောင် B , C ရောဂါဖြစ်ခဲ့ဖူးသူများ ၁နှစ်အတွင်း သွေးလှူဒါန်းခွင့် မပြုပါ။
၇။ Antibiotic ပဋိဇီဝဆေး တစ်ပါတ်အတွင်း သုံးစွဲထားသူများ။
၈။ မြန်မာ့/တရုတ် တိုင်းရင်းဆေးများကို ၃ ရက်အတွင်း စားသုံးထားလျှင် သွေးလှူဒါန်းခွင့်မပြုပါ။
၉။ စင်္ကာပူနိုင်ငံသို့ အသစ်ရောက်ရှိလာ၍ ၆ လမပြည့်သေးသောသူများ၊ မြန်မာနိုင်ငံ (ရန်ကုန် နှင့် မန္တလေး) ၂ မြို့မှအပ ကျန်နေရာများသို့ ၆ လအတွင်း အလည်ပြန်ထားသူများ သွေးလှူ၍ မရပါ။
***More details ကို www.hsa.gov.sg တွင် သွားရောက် ဖတ်ရှု.နိုင်ပါသည်။
***သွေးအလှူရှင်များ အတွက် အာဟာရအလှူ ၊အဖျော်ရည်အလှူ ၊ transportation အလှူများကိုလည်း ပါဝင်လှုဒါန်း နိုင်ကြပါသည်။***
Labels:
blood
,
donation
,
Thitsarparami
Wednesday, June 5, 2013
Subscribe to:
Comments
(
Atom
)



