Saturday, May 25, 2013
Tuesday, May 21, 2013
Thitsarparami ကဆုန်ညောင်ရေသွန်းပွဲ ဖိတ်ကြား
ကဆုန်ညောင်ရေသွန်းပွဲ ဖိတ်ကြားလွှာ နှင့် ကဆုန်ညောင်ရေသွန်းပွဲ (၂၄.၀၅.၂၀၁၃) တွင် အာဟာရများ ကျွေးမွှေ: လှူဒါန်းလိုသူများ အောက်ပါ ဖုန်းနံပတ် များသို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်။
Thitsarparami Temple - 65246344, 81210493
1) Ko Myat Lin - 90275317
2) Ko Nyein Chan Swe - 96913272
3) Ko Ngwe Zin Aung - 94503825
4) U Aye Myint - 91080763 (Full Time Contact Person)
5) Ko Aye Min Tun - 91454994
6) Ko Mg Mg - 946881427)
7) Ma Tin Tin Thaung - 92274590
8) Ma Tin Tin Nwe - 98519749
9) Ma Khin Khin Htar – 92331162
10) Ma Khiang Khaing Soe - 90667047
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား၊ ဘုရားအဆူဆူ၊ မိန့်တော်မူ၊ အတူတူ ထိုတရား...။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
Saturday, April 13, 2013
ဒါနက သံသရာရှည်သလား ( Thitsarparami )
ဒါနက သံသရာရှည်သလား
=================
အချို့က ဒါနက သံသရာရှည်တယ်၊ သီလက သံသရာရှည်တယ်လို့
ပြောတတ်ကြတယ်။ မသိလို့လှူတာကတော့ ဟုတ်ပါတယ်၊ (၁-၂-၃-၄)လှည့်သွားတယ်။
သိလို့လှူတာကတော့ (၁)ပြီးရင် (၂)မှာ ကိစ္စပြတ်တယ်။ (၁)က မဂ္ဂသစ္စာ၊ (၂)က
နိရောဓသစ္စာဖြစ်သွားတော့ နိဗ္ဗာန်ရတယ်။ ဒါဖြင့် ဒါန သီလက သံသရာရှည်တယ်ဆိုတာ မသိမှုကြောင့်သာ
ရှည်တယ်လို့ မှတ်လိုက်ပါ။ သိတဲ့ပုဂ္ဂိုလ်မှာတော့ မရှည်ပါဘူး။ (၁)က မဂ္ဂသစ္စာ (၂)က
နိရောဓသစ္စာဖြစ်တာနဲ့ ဟိုဘက် ဆက်မသွားတော့ဘူး။
ရှေးဦးစွာ ကိုယ့်ခန္ဓာကိုယ်သာ ဉာဏ်စိုက်ကြည့်လိုက်ပါ။ ထိုင်ကြည့်လိုက်ရင် ခန္ဓာက ပြပါလိမ့်မယ်။ ယားတာ နာတာ ကိုက်တာ ခဲတာ အောင့်တာ အင့်တာ ညောင်းတာ ညာတာ ထုံတာ ကျင်တာ စုံအောင် ပြပါလိမ့်မယ်။ သူ့ရှိတာ သူပြနေတာပဲ။ ဒုက္ခရှိလို့ ဒုက္ခတွေ ပြနေတာသာ ဖြစ်တယ်။ မလှူခင် ခန္ဓာကိုယ်ကို ဉာဏ်နဲ့ အရင်ကြည့်လိုက်။ ပြီးရင် ဒီလို ကိုယ်တိုင်မြင်နေရတဲ့ ဒုက္ခမျိုးမှ လွတ်ရပါလို၏ဆိုပြီး လှူပါ။ ခန္ဓာဉာဏ်စိုက်ကြည့်လိုက်တော့ 
အရှိအတိုင်း တွေ့ရတယ်။ ရှိတာက ဒုက္ခသစ္စာ၊ တွေ့တဲ့ ဉာဏ်က မဂ္ဂသစ္စာ၊
လောကီမဂ္ဂသစ္စာပေါ်လာတယ်။ ဒီလို လောကီမဂ္ဂသစ္စာပေါ်အောင် နှလုံးသွင်းပြီး
ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာကြီးမှ ကျွတ်လွတ်လို၍ လှူဒါန်းပါ၏လို့ လှူလိုက်တော့
ဒုက္ခကြောက်လို့လှူတဲ့အလှူဖြ စ်သွားတယ်။ ဒါဟာ မဂ္ဂသစ္စာနဲ့ လှူတာ။ ဒီဘက်က
နိရောဓသစ္စာရတယ်။ ရှေ့ဆက်သွားစရာမရှိတော့ဘူး။ အ၀ိုင်းရပ်သွားပြီ။
အ၀ိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာ မသိတော့ ကုသိုလ်စေတနာတွေလဲ လုပ်တယ်၊ အကုသိုလ်စေတနာတွေလဲ လုပ်တယ်။ သင်္ခါရပဲ။ ဒါဖြင့် မသိလို့ ကုသိုလ်လဲ လုပ်တယ်၊ အကုသိုလ်လဲလုပ်တယ်။ မသိတဲ့သူဟာ လုပ်ချင်ရာလုပ်တယ်ဆိုတဲ့သဘော။ ကုသိုလ်လဲလုပ်တာပဲ၊ အကုသိုလ်လဲ
လုပ်တာပဲ။ ဘယ်သူလုပ်တာလဲဆိုရင် မသိတဲ့ပုဂ္ဂိုလ်လုပ်တာ။ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သုဂတိရောက်ကြောင်း ကုသိုလ်လဲ လုပ်တာပဲ၊ ဒုဂ္ဂတိရောက်ကြောင်း အကုသိုလ်လဲ လုပ်တာပဲ။
ဘာလို့လုပ်တာလဲဆိုတော့ မသိတဲ့အ၀ိဇ္ဇာကြောင့်လုပ်တာ။ မသိလို့လုပ်တယ်၊
မသိတာက အ၀ိဇ္ဇာ၊ လုပ်တာက သင်္ခါရ။ သေတော့ ပဋိသန္ဓေ၀ိညာဏ်နဲ့ ပဋိသန္ဓေနေပြီ၊
ဘာသစ္စာလဲ-ဆိုရင် ဒုက္ခသစ္စာ။ (၁)နဲ့ (၂) စပ်သွားတာ။
သိလို့ရှိရင်တော့ ဖြစ်ပျက်အားထုတ်တော့ မဂ္ဂသစ္စာ၊ သိလို့လှူတာလဲ မဂ္ဂသစ္စာပဲ။ မဂ္ဂသစ္စာအားထုတ်တော့ ဒီဘက်က နိရောဓသစ္စာရတယ်။ ဒါဖြင့် သိလို့ အားထုတ်တော့လဲ နိရောဓသစ္စာရတယ်၊ သိလို့လှူတော့လဲ နိရောဓသစ္စာရတယ်။ ဒီခန္ဓာငါးပါးကြီးဟာ သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာလားဆိုရင် အ၀ိဇ္ဇာ သင်္ခါရက လုပ်လိုက်တာ။ ဖန်ဆင်းလို့ ခန္ဓာရလာတယ်ဆိုတဲ့အယူမှား ပယ်လိုက်တော့ ဒိဋ္ဌိပြုတ်သွားတယ်။ ကိုယ့်ခန္ဓာကြီး ဘယ်ကလာပါလိမ့်မလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရကလာတယ်လို့သိရတော့ ဘယ်ကလာပါလိမ့်မလဲဆိုတဲ့ သံသယ ၀ိစိကိစ္ဆာ စင်သွားတယ်။ ဖန်ဆင်းရှင်ဆိုတဲ့ အယူတွေမရှိတော့ ဒိဋ္ဌိပြုတ်၊ အ၀ိဇ္ဇာသင်္ခါရကလာတာလို့ ရှင်းရှင်းလင်းလင်းသိလိုက်ေ တာ့ ဘယ်ကလာမှန်းမသိတဲ့
ဝိစိကိစ္ဆာလဲ ပြုတ်တယ်။
အ၀ိဇ္ဇာ သင်္ခါရကြောင့် ဒီဘက်မှာ ပုဂ္ဂိုလ်သတ္တ၀ါပေါ်တာလားဆိုတော့ ၀ိညာဏ် နာမ်ရုပ်
သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးပဲ ပေါ်တယ်။ ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်သလို
ပေါ်လာတာလဲ ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ဘူးဆိုတာ သိလိုက်ရလို့ ဒိဋ္ဌိကွာတယ်။
ပြုလုပ်တာက အ၀ိဇ္ဇာ သင်္ခါရ၊ ပေါ်လာတာက ခန္ဓာငါးပါး၊ ပဋိစ္စသမုပ္ပါဒ်နားလည်လိုက်တာ နဲ့
ဒိဋ္ဌိကွာသွားတယ်။ အ၀ိဇ္ဇာ သင်္ခါရကြောင့် ဒီခန္ဓာပေါ်ရတယ်လို့ သိလိုက်တော့ ၀ိစိကိစ္ဆာလဲ
ကွာသွားတယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်လိုက်တော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာ အသိနဲ့ပြုတယ်။ ဒိဋ္ဌိ
ဝိစိကိစ္ဆာ အသိနဲ့ ပြုတ်တော့ စူဠသောတာပန်တည်တယ်။ စူဠသောတာပန်တည်ပြီးမှ လှူလိုက်တော့
သောတာပန်အလှူဖြစ်သွားတယ်။
အကြောင်းတရားက အ၀ိဇ္ဇာ သင်္ခါရ၊ အကျိုးတရားက ခန္ဓာငါးပါး။ သြော် – အကြောင်းအကျိုးပဲရှိတယ်ဆိုတာ သေချာသွားပြီ။ ပုဂ္ဂိုလ်သတ္တ၀ါ
ရှိသေးရဲ့လားဆိုတော့ ခန္ဓာငါးပါးပဲရှိတယ်။ အကြောင်းထဲမှာလဲ ပုဂ္ဂိုလ်မရှိ၊
အကျိုးထဲမှာလဲ ပုဂ္ဂိုလ်မရှိ။ ပုဂ္ဂိုလ်ပျောက်သွားတယ်။ အကြောင်းလဲ ငါမဟုတ်၊ အကျိုးလဲ
ငါမဟုတ်တော့ ငါလဲ ပျောက်သွားတယ်။ အကြောင်းအကျိုးသာရှိတယ်ဆိုတာ ပေါ်လာတော့
ဝိစိကိစ္ဆာပျောက်သွားတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ဆိတ်သုဉ်းသွားတော့ ဒိဋ္ဌိလဲ ပြုတ်တယ်။
အကြောင်းအကျိုးသိတော့ ၀ိစိကိစ္ဆာပြုတ်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါဆိတ်သုဉ်းတော့ ဒိဋ္ဌိပြုတ်တယ်။
ဒါဟာ စူဠသောတာပန်တည်တာလို့ မှတ်လိုက်။ ဒီလို တည်ပြီးမှလှူတော့
စူဠသောတာပန်အလှူဖြစ်သွားတယ် ။ စူဠသောတာပန်ဆိုတာ သာမန်လူလား
သစ္စာသိတဲ့လူလားဆိုရင် သစ္စာသိတဲ့လူလို့မှတ်လိုက်။ ခန္ဓာက ဒုက္ခသစ္စာ၊ သိတာလေးက
မဂ္ဂသစ္စာ၊ ကိုယ်တိုင်သိနေရင် မဂ်နဲ့သိတာ။ ဒီလိုသိပြီးမှ လှူတော့ သစ္စာသိပြီးလှူတာ။
သိလို့ လှူတာက မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သိပြီးမှလှူရင် ဒါနက သံသရာမရှည်ပါဘူး၊
မသိလို့သာ သံသရာရှည်တာ။ ဒါကြောင့် သစ္စာသိမှုနဲ့ မသိမှုသာ သံသရာ တိုရခြင်း
ရှည်ရခြင်းရဲ့အကြောင်းရင်းပဲလို့ မှတ်လိုက်ပါ။
ရှေးဦးစွာ ကိုယ့်ခန္ဓာကိုယ်သာ ဉာဏ်စိုက်ကြည့်လိုက်ပါ။ ထိုင်ကြည့်လိုက်ရင် ခန္ဓာက ပြပါလိမ့်မယ်။ ယားတာ နာတာ ကိုက်တာ ခဲတာ အောင့်တာ အင့်တာ ညောင်းတာ ညာတာ ထုံတာ ကျင်တာ စုံအောင် ပြပါလိမ့်မယ်။ သူ့ရှိတာ သူပြနေတာပဲ။ ဒုက္ခရှိလို့ ဒုက္ခတွေ ပြနေတာသာ ဖြစ်တယ်။ မလှူခင် ခန္ဓာကိုယ်ကို ဉာဏ်နဲ့ အရင်ကြည့်လိုက်။ ပြီးရင် ဒီလို ကိုယ်တိုင်မြင်နေရတဲ့ ဒုက္ခမျိုးမှ လွတ်ရပါလို၏ဆိုပြီး လှူပါ။ ခန္ဓာဉာဏ်စိုက်ကြည့်လိုက်တော
အ၀ိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာ မသိတော့ ကုသိုလ်စေတနာတွေလဲ လုပ်တယ်၊ အကုသိုလ်စေတနာတွေလဲ လုပ်တယ်။ သင်္ခါရပဲ။ ဒါဖြင့် မသိလို့ ကုသိုလ်လဲ လုပ်တယ်၊ အကုသိုလ်လဲလုပ်တယ်။ မသိတဲ့သူဟာ လုပ်ချင်ရာလုပ်တယ်ဆိုတဲ့သဘေ
သိလို့ရှိရင်တော့ ဖြစ်ပျက်အားထုတ်တော့ မဂ္ဂသစ္စာ၊ သိလို့လှူတာလဲ မဂ္ဂသစ္စာပဲ။ မဂ္ဂသစ္စာအားထုတ်တော့ ဒီဘက်က နိရောဓသစ္စာရတယ်။ ဒါဖြင့် သိလို့ အားထုတ်တော့လဲ နိရောဓသစ္စာရတယ်၊ သိလို့လှူတော့လဲ နိရောဓသစ္စာရတယ်။ ဒီခန္ဓာငါးပါးကြီးဟာ သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာလားဆိုရင် အ၀ိဇ္ဇာ သင်္ခါရက လုပ်လိုက်တာ။ ဖန်ဆင်းလို့ ခန္ဓာရလာတယ်ဆိုတဲ့အယူမှား ပယ်လိုက်တော့ ဒိဋ္ဌိပြုတ်သွားတယ်။ ကိုယ့်ခန္ဓာကြီး ဘယ်ကလာပါလိမ့်မလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရကလာတယ်လို့သိရတော့ ဘယ်ကလာပါလိမ့်မလဲဆိုတဲ့ သံသယ ၀ိစိကိစ္ဆာ စင်သွားတယ်။ ဖန်ဆင်းရှင်ဆိုတဲ့ အယူတွေမရှိတော့ ဒိဋ္ဌိပြုတ်၊ အ၀ိဇ္ဇာသင်္ခါရကလာတာလို့ ရှင်းရှင်းလင်းလင်းသိလိုက်ေ
အ၀ိဇ္ဇာ သင်္ခါရကြောင့် ဒီဘက်မှာ ပုဂ္ဂိုလ်သတ္တ၀ါပေါ်တာလားဆိုတေ
အကြောင်းတရားက အ၀ိဇ္ဇာ သင်္ခါရ၊ အကျိုးတရားက ခန္ဓာငါးပါး။ သြော် – အကြောင်းအကျိုးပဲရှိတယ်ဆိုတ
Thursday, April 11, 2013
Subscribe to:
Comments
(
Atom
)



